Sunday, August 22, 2010

ဇွဲ

တစ်ကြိမ်ရှုံးလည်း ပြုံးမပျက်နဲ့ 
ဆက်လက်၍သာ သဲမဲစွာဖြင့်
လိုရာစခန်း လှမ်းမြဲလှမ်းလော့......

ကြိမ်ကြိမ်ခါခါ ကျရှုံးပါစေ.
ရှောင်ခွါကြောက်ရွံ့  နောက်မတွန့် နဲ့ 
ထပ်ကွန့် ၍ကြံ ဇွဲသန်သန်ထား
ယောက်ျားတို့ ထုံး သေမှဆုံး၏ .။။။။။။

တိမ်ဖုံးသည်ခိုက် ထိုစဉ်ကြိုက်ဝယ်
မှောင်မိုက်ခဏ ကြုံတွေ့ ရလဲ
တောက်ပထိန်းလင်း သူရိန်မင်းတွင်..
ရှိန်ကင်းသည်ဟု ဆိုမည်လော..............